အသည်းရောင်အသားဝါ၊ သွေးတိုးရောဂါ ရှိပါက ကြက်ဟင်းခါးရွက်ကို ဟင်းချိုချက်သောက်ရပါမည်။
လေထိုးလေအောင့်၊ ဆီးချုပ်ရောဂါရပါက ဂွေးတောက်ရွက်ကို ဟင်းချိုချက်သောက်ရပါမည်။
ညှင်း၊ တင်းတိပ်နှင့်ဝက်ခြံများပေါက်ပါက ဘုတလင်သီးကို သံပုရာရည်နှင့်သွေး၍လိမ်းပါ။
ခံတွင်းပျက်ရောဂါရပါက ဂုံမင်းဟင်းချိုကို သောက်ပါ။
အအေးမိအဖျားရောဂါရပါက ငရုတ်ကောင်းမှုန့်ကို ဟင်းချိုပူပူမှာထည့်သောက်ပါ။
ဝမ်းချုပ်ရောဂါရပါက ငုရွက်နုနုကို ဟင်းချိုချက်သောက်ပါ။
မြစ်ပွားနာအဖု အကျိတ်အနာပေါက်ပါက ဘုတလင်သီးကို ဆန်ဆေးရေနှင့်ရော၍သောက်ပါ။
ခန္ဓာကိုယ်အတွင်းပိုင်းတွင် အနာပေါက်ပါက ဘုတလင်သီးကို ဆန်ဆေးရေနှင့်ရော၍ သောက်ပါ။
စကားထစ်၊ ဆွံ့အရောဂါရပါက မြင်းခွာရွက်ဟင်းချိုကို တစ်နေ့၃ကြိမ် မှန်မှန်သောက်ပေးပါ။
နှလုံးအားနည်း၊ သွေးတိုးမူးဝေပါက ဧကရဇ်ပွင့်ဟင်းချိုကိုသောက်ပါ။
ကဲ . . .အခုဆိုရင် အားလုံးမျှော်လင့်နေကြတဲ့ မအိုမနာမသေဆေးဖော်နည်းရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြပါတော့မယ်ခင်ဗျာ။ ဆေးနည်းလေးကတော့ ဒီလိုပါတဲ့။
ဆေးရိုးပင် (ဝါ) ဥနှဲပင်အမြစ်(၁၀)သား၊
ဖွားဖက်ဆေးပင်(ဝါ)ငုရွှေဝါပင်ရဲ့အမြစ်(၁၀)သားနဲ့
ဆင်တုံးမနွယ်ပင်အမြစ်(၁၀)သားကို
အခြောက်လှမ်း အမှုန့်ပြုလုပ်ပြီး
ပေါင်ဒါကျအောင် ဆန်ကာနဲ့စစ်ယူရမယ်။
ပြီးရင် ပျားရည်စစ်နဲ့ရောမွေပြီး
ဇီးကင်းလောက်ဆေးလုံးလေးတွေလုံးရမယ်။
ဆေးလုံးလေးတွေကို လေလုံတဲ့ပုလင်းထဲမှာထည့်ပြီး
တစ်ပါတ်ကြာရင်သုံးဆောင်လို့ရပါပြီ။
ဒီနေရာမှာကျွန်တော်တစ်ခုပြောချင်ပါတယ်။ သေခြင်းဆိုတာ မြတ်စွာဘုရားတောင်မလွန်ဆန်နိုင်တဲ့ သင်္ခါရသဘောတရားပါ။ ဒီတော့ ကျွန်တော်တို့လိုဘာမဟုတ်တဲ့ ပုထုဇဉ်တွေဟာ သေခြင်းကို ဆန့်ကျင်ဖို့ဆိုရင် ဝေလာဝေးသေးတယ်။
ဒီဆေးကိုဘာလို့အဲ့လိုခေါ်ရတာလဲဆိုတော့ ဆေးရိုးပင်ရဲ့အရွက်ဟာ ကြွေသာသွားတယ်။ ဘယ်တော့မှ ဝါမသွားပါဘူး။ ဒါကြောင့်သူ့ကို မအိုပင်လို့ခေါ်ကြပါတယ်။ နောက် ဆင်တုံးမနွယ်ဟာလည်း သူ့ပင်စည်ကို ဘယ်လောက်ပဲခုတ်ခုတ်သေသွားတယ်မရှိပဲ ကိုင်းတွေအမြဲပြန်ထွက်လာလေ့ရှိပါတယ်။ ဒါကြောင့်သူ့ကို မနာပင်လို့ခေါ်ကြပါတယ်။ ပျားရည်ကတော့ ဘယ်တော့မှ ပုပ်သိုးခြင်းမရှိတဲ့အတွက် သူ့ကို မသေသော အရည်လို့ခေါ်ကြပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေရဲ့ အမျိုးအစားကိုလိုက်ပြီး မအိုမနာမသေဆေးလို့ခေါ်ကြတာပါ။
ဒီဆေးရဲ့အစွမ်းကတော့ ၉၆ပါးရောဂါများမှကာကွယ်ပျောက်ကင်းစေနိုင်ပြီး၊ သက်ရှည်ကျန်းမာစွာနဲ့ ဘဝကိုဖြတ်သန်းနိုင်မယ့် အာနိသင်ရှိပါတယ်ခင်ဗျာ။
အားလုံးကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ ။
နေဇော်ထွေး(ခေတ
No comments:
Post a Comment