Monday, October 3, 2011
အီးမေးလ်ကိုယ်ခွဲလေး
ဝက်ဆိုက် အမျိုးမျိုးကို ၀င်လေ့လာရင်း ရီဂျစ်စတာလုပ်ဖို့လို့တဲ့အခါ အီးမေးလ်အစစ်ကို ပေးဖို့ မ၀ံ့မရဲ ဖြစ်တတ်ပါတယ်။ မတော်လို့ သည်ဝက်ဘ်ဆိုက်တွေက ကြော်ငြာတွေ ပို့နေရင် ကိုယ့်မေးထဲမှာ ကြော်ငြာတွေ ပုံနေမှာပေါ့။ ရီဂျစ်စတာလည်းလုပ်လို့ရအောင်၊ အီးမေးအစစ်ကိုလည်း မပေးရအောင် အီးမေးကိုယ့်ခွဲဖန်းတီး နိုင်ပါတယ်။ www.tempalias.com မှာ သင့်အီးမေးလ်အစစ်ကို ပေးပါ။ အီးမေးလ် ကိုယ့်ခွဲတစ်ခု ရပါမယ်။ သည်အီးမေးလ် ကိုယ့်ခွဲထဲကို စာဘယ်နှစ်စောင် ရောက်လာရင် ပျက်သွားမလည်းဆိုတာ ကိုယ်က သတ်မှတ်နိုင်ပါတယ်။ အီးမေးလ် ကိုယ့်ခွဲဆီပို့သမျှ စာတွေဟာ သတ်မှတ်စောင်ရေမပြည့်မချင်း အီးမေးလ်အစစ်ထဲ ရောက်လာမယ်။ သတ်မှတ်စောင်ရေ ပြည့်သွားရင်တော့ ရောက်မလာတော့ပါဘူး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment