သူငယ်ချင်းတစ်ယောက်တောင်းထားလို့ တင်ပေးလိုက်တာပါ... မပြည့်စုံပါဘူး..ကိုယ်တိုင်လေ့လာမှ
ကျွမ်းကျင်တာပါ....
သီချင်းဖန်တီးရန် (၁)swish 4 ဆော့ဝဲလ် ဒီနေရာကနေဒေါင်းပါ
(၂) mp3 ချရန်ဆော့်ဝဲလ် ဒီနေရာကနေဒေါင်းပါ
(၃) လိုအပ်သည့် အဖက်များ ဒီနေရာကနေဒေါင်းပါ။
(၄) လုပ်ရန်ပြင်ဆင်နိုင်ပါပြီး
အားလုံးဒေါင်းပြီးသွားပြီဆိုရင် ... ပထမဦးဆုံးအနေနဲ့ ..သူငယ်ချင်းတို့ ရွှေးချယ်ထားတဲ့ သီချင်းကို mp3
ချိန်းရပါမယ် ပုံနဲ့တော့် မရှင်းပြတော့်ဘူး......သိတယ်လို့ယူဆလိုက်မယ်.... ကဲဟုတ်ပြီ format factory
မှာ audio ကိုကလစ်လိုက်ရင် ...ပြောင်းချင်တာတွေအများကြီးထွက်လာ မယ် အဲထဲ က mp3 ကှိုနှိပ် ပြီးရင်
add file ပေါ့ဗျာ ..သီချင်းရွှေးလိုက် ပြိးရင် ..out put နဲ့ set range ဆိုတာရှိတယ် ..out put ကို ကလစ်ပြီး အဲဒီမှာ 120 လို့ရေးထားတယ် အဲဒါကို 96 ဒါမမဟုတ် ... ပြောင်းချင်တာပြောင်းလိုက် ဟိဟိ
ပြီးရင် set range နဲ့ ကိုယ်မလိုချင်တဲ့အပိုင်းကို ဖြတ်ထုတ်လိုက်ပေါ့...ဘာမှမလုပ်ချင်လည်း ရတယ်...အဲဒီမှာ preview ကြည့်လို့ရတယ်.. ကြည့်လိုက်ဦး သီချင်း good လား ဆိုးလား ဆိုတာ အားလုံးအိုကေရင်တော့် အိုကေကိုသာနှိပ်လိုက် ...ဒါက သီချင်းတစ်ပုဒ်ရဲ့ သော့ချက်ပဲ
အရင်တုန်းက ကျွန်တော် ဖြစ်ဖူးတယ် mp3 ကို 96 နဲ့ မချုပ်ထားတော့်..အပ်လော့တင်တဲ့အခါမှာ
ဖိုင်ဆိုက် က ကြီးနေတယ် တင်မရဘူး.............တင်ရခဲ့ရင်တောင် အသံက ပျက်တောက်တောက်နဲ့ လေ
ဒါဆိုရင် လုပ်ထားသမျှ တွေ က သဲထဲကို ရေသွန်သလိုပေါ့...ဒါကြောင့် ..အဓိက သီချင်းလုပ်တဲ့နေရာမှာ
ဒါလေးတွေကို သိထားဖို့လိုတယ်..
(1) အမ် ပီ ဆန် ကို 96 ထားရမယ်
(2) movie ပရိုပါတီး ထဲက စက်တင် ကို အောက်မှာ ရေးပေးထားတဲ့ အချိုးတိုင်းထားရမယ်
(၃) export လုပ်တဲ့ အချိန် မှာ swf ဒါမှမဟုတ် အခြားဟာနဲ့သိမ်းလည်းရတယ် swf ဆိုတာကတော့်
အွန်လိုင်းကနေတိုက်ရိုက် နားထောင်လို့ရတာလေ ... exe ဆိုတာကတော့် ဒေါင်းလော့ချနိုင်တာပေါ့..
အဲလိုပါ ...ဒါတွေကို အသေးစိတ်မပြောတော့်ဘူးနော်..အဆင်ပြေမယ်ထင်ပါတယ်...ဒီသုံးချက်ကို ပိုင်ရင်
အားလုံး အဆင်ပြေစွာနဲ့ အခက်ခဲမရှိ သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်လာမှာပါ ....
ဒါလေးပြီးသွားရင်တော့်...
အဲလိုလေးပေါ့နော်...ဒါတွေဒေါင်းတက်မှာပါ..လေ ..မဒေါင်းတက်မှာစိုးလို့ ...ဟိဟိ
ကဲဒါကတော့် swish 4 ရဲ့စာမျက်နှာပါ..သီချင်းလုပ်မယ်ဆိုရင်တော့်..file ကိုသွားပြီး .၀င်လိုက်ပါ အဲဒီမှာ open ဒါမမဟုတ် new ပေါ့ဗျာ...editing လုပ်နေတဲ့လူတွေကတော့်... သဘောတရားကို နားလည်မှာပါ
မလုပ်ဖူးတဲ့လူအတွက် ကတော့် ...ဒီအသုံးအနှုန်းတွေ က ထူးဆန်းနေလိမ့်မယ်နော်...new ဆိုတာကတော့်ရှင်းပါတယ် ဗျာ... အသစ်ပေါ့ ... အဲဒီမှာ ...open project ဆိုတာကတော့်..ကိုယ်လုပ်ထား တဲ့ ဖိုင်တွေ ကို အဲကနေပြန်ဖွင့်ရတာပေါ့ဗျာ ကဲထားလိုက်ပါတော့်..တစ်ခုခုယူလိုက်ဗျာ .. new ကိုယူလိုက်ပေါ့.. အဲလိုပုံလေးပေါ်လာမယ်... အဲဒီမှာ သီချင်းစလုပ်မယ်ဆိုရင် အဓိက ဘာကိုအရင်လုပ်ရမလည်းဆိုတော့် movie setting ကို ပြင်ရပါမယ် ညာဘက်မှာ ကြည့်လိုက်ပါ movie seeting ကိုကလစ်လိုက်ပါ
အခုလိုပုံလေးကျလာမယ် ..အဲဒီမှာ width 1000 ထားမယ် ..height 488 ပေးမယ် rate ကိုကျတော့်. 12 ထားလိုက်ပါ ပြီးရင် export setting for movie ကို သွားလိုက်ပါ..
အောက်ကပုံလိုကျလာမယ် ..အပေါ်က swf 8 ကို 6 လို့ပေးလိုက်ပြီး အိုကေပေးလိုက်ပါ
ပြီးရင်အပေါ်ပုံကို ပြန်ရောက်သွားမှာပါ ..အဲဒီမှာလည်း အိုကေကိုပေးပြီး ပြန်ထွက် ပါ ..background အေ၇ာင်ကိုလည်း ကြိုက်သလို ရွှေးပေးနိုင်ပါတယ်... ကဲဒါလောက်ဆိုရင် စက်တင်ချလို့ပြီးသလောက်ရှိနေပြီ
ကဲသီချင်း စလုပ်တော့်မယ်...သူများတွေကတော့်..(၁) အပုံထည့်တယ်
(၂) သီချင်းထည့်တယ် (၃) စာသားထည့်တယ် ..( ၄) အက်ဖက်ထည့်တယ် အဲလိုပေါ့ ....ကျွန်တော်ကတော့်
ပြောင်းပြန်ထည့်ပါတယ်... ဘာလို့လည်းဆိုတော့် ...ရှင်းအောင်လို့ပါ..... ရှင်းအောင်လို့ပြောောတ့်သူများဟာ က မရှင်းလို့လား အဲလိုမျိုးဖြစ်နေဦးမယ် ...ဟိဟိ
စာသားကို တန်းစီပြီး note pad မှာ ချရေးလိုက်တယ် ဗျာ..ပြိးရင် အောက်ကပုံ လေးကိုတွေ့လား T အကြိးနဲ့လေ အဲဒါကိုနှိပ်ပြီး ကလစ်ဆွဲပြိးရင် paste လိုက်ပေါ့
နေရာတွေကို သေချာစဉ်ထားပေါ့ ...ခုန ကပြောသလို နံပတ်စဉ်လိုက်ထည့်ထားနော ပုံရယ် သီချင်းရယ်
ကိုလေ ထည့်နည်းကတော့် လုံးဝကိုမခက်တာဗျာ ..insert ဆိုတဲ့ဟာလေးကို ထောက် ပြီးရင် ထည့်ချင်တာကို ထည့်လိုက် စာဖတ်ပြီးလုပ်ပေါ့ ...ဗျာ image ဆိုတာ အပုံ sound ဆိုတာ သီချင်းမှန်းသိနေ တာပဲ ...ကျွန်တော် ရေးတဲ့ ပို့ တောင်မလိုပါဘူး..ဟုတ်တယ်မဟုတ်လား...
ကဲစာတွေရေးပြီးရင် .... ညာဘက်မှာရှိတယ်ဗျာ..စာလုံးတွေကို .ဖောင့်တွေပြောင်းနိုင်တယ်.. လိုချင်တာအကုန်ပြောင်းနိုင်တယ်ဗျာ..ရှာတာလုပ်....ခုဘလော့ကိုတကယ်တော့်မတင်ချင်ပါဘူး.....
မေးလာတဲ့လူများလို့သာ ရေးလိုက်တာ..ရေးတော့်လည်း ဗျောက်တောက်ဖြစ်နေတယ်..ဟဲဟဲသည်းခံပေးကြပါ
လိုချင်တာတွေက ..... အဲထဲမှာပဲရှိတယ်နော်...အက်ဖက်ထည့်မယ်ဆိုလည်း အဲလိုပဲ ...add effect ဆိုတာရှိတာပဲ စာကိုသာ ဖတ်လုပ် ..ဟိဟိ အလုပ် ကလုပ်ရင်းနဲ့ ..ကျွမ်ူးကျင်မှု ရှိလာမှာပါ..
လုပ်ကြည့်မှ သိတာလေ... ..ဒါကြောင့် ကိုယ်တိုင်လေ့လာပါ.. ကျွန်တော် တို့ ဒီသီချင်းလုပ်တယ်ဆိုတာ ..ပုံသေနည်းနဲ့ ဒါလောက်အတိုင်းအတာ ဒီလိုလုပ်ကွာ ဒီလိုဖြစ်မယ်လို့ ..ကွက်တိပြောလို့မရဘူးလေ...
သိမ်းရင်တော့်.. .export ကနေ swf ဖိုင်ကိုသာ သိမ်းလိုက်တော့် ..project နဲ့သိမ်းမယ်ဆိုရင်
save or save as ပဲဗျာ...ဒါပဲ ကိုယ်တိုင်သာ လုပ်ပေတော့်ဗျာ....ဟိဟိ
သိမ်းရင်တော့်.. .export ကနေ swf ဖိုင်ကိုသာ သိမ်းလိုက်တော့် ..project နဲ့သိမ်းမယ်ဆိုရင်
save or save as ပဲဗျာ...ဒါပဲ ကိုယ်တိုင်သာ လုပ်ပေတော့်ဗျာ....ဟိဟိ
သီချင်းကောင်းတစ်ပုဒ်ကိုဖန်တီးယူဖို့ဆိုတာ...အိုင်ဒီယာရယ် ....ပြီးတော့ editing စည်းမျဉ်းဥပဒေတွေကို သိထားရင် ..လုပ်လို့ရပါပြီ....ကြိုးစားမှုက ကျွမ်းကျင်မှုကို ဖြစ်စေမှာပါ.....ဆက်လုပ်လိုက်နော.....နားမလည်တာရှိရင်တော့်...ကော်မန့်လေးတော့်ထားခဲ့ပါ
သူငယ်ချင်းတို့ အခက်ခဲကို သိပြီး မှ ကျွန်တော် လိုတာကို ဆက်ရေးပေးပါ့မယ်...
ဒါကအကြမ်းဖျင်းပါ......
သီချင်းအားလုံးပြီးသွားပြီဆိုရင်တော့် အပ်လော့တင် ရတော့်မယ်........သီချင်းလင့်ထုတ်တော့်မယ်ဆိုရင်
သီချင်းအားလုံးပြီးသွားပြီဆိုရင်တော့် အပ်လော့တင် ရတော့်မယ်........သီချင်းလင့်ထုတ်တော့်မယ်ဆိုရင်
ချစ်သူမြို့တော်
ကိုသွား ပြီးရင် တင်ရန်ဆိုတာ ကိုရှာ ပြီးရင် ဘလော့တင်ရန်ကိုနှိပ် ..ပြီးရင် ဖိုင်ဆိုတာရှိတယ်
ကိုသွား ပြီးရင် တင်ရန်ဆိုတာ ကိုရှာ ပြီးရင် ဘလော့တင်ရန်ကိုနှိပ် ..ပြီးရင် ဖိုင်ဆိုတာရှိတယ်
တီ နဲ့ ရိုးရိုးတင်ရန်ကြားထဲက ပုံလေးက ဖိုင် ပါ အဲဒါကို ကလစ် ပြီးရင် သူငယ်ချင်းသိမ်းထားတဲ့ swf ဖိုင်ကို
ဘလော့တင်လိုက် .. ခဏစောင့်လိုက် လင့်ကျလာလိမ့်မယ် အဲလင့်ကို ကော်ပီကူး ... သင့်မိတ်ဆွေအား
ပေးနိုင်ပြီ .......ပြီးရင်အိုကေပေးလိုက် ... ပြီးရင်ထွက်ခဲ့တော့်...ဘာမှမလုပ်တော့်နဲ့ ..အဲလင့်ကိုသာ
သေချာတာသိမ်းထားပေတော့်....
ကျေးဇူးတင်ပါတယ်.
အားလုံးအဆင်ပြေကြပါစေလို့...............
No comments:
Post a Comment