Microsoft Windows XP မှာ မည်သည့် CD-Burning Software မှ အသုံးပြုစရာမလိုဘဲ ပုံတွေ၊ အချက်
အလက်တွေကို CD Burn နိုင်ပါတယ်။ ဘယ်လို Burn မလဲ။ အောက်မှာ အသေးစိတ်လေ့လာပါ။ ဘယ်လို
Burn တယ်ဆိုထာ သိသွားပါလိမ့်မယ်။

အရင်ဆုံး သင့်ဆီမှာ CD အလွတ်လေး တစ်ခုတော့ ရှိရပါမယ်။ ပြီးတော့ CD-RW Drive လို့ခေါ်တဲ့ ရေးနိုင်
ဖတ်နိုင်တဲ့ CD-Drive တစ်ခုလည်း ရှိရပါမယ်။ အဲဒါတွေ ရှိတယ်ဆိုလျင်တော့ CD အလွတ်လေးကို
CD-Drive ထဲကို သာသာယာယာပဲ ထည့်လိုက်ပါ။ သြော်... မေ့လို့။ CD ကို စစ်ဖို့လိုသေးတယ်။ CD မှာ
Standars CD ရယ်၊ High Capacity CD ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ Standard CD က 650 MB အထ
ိ အချက်အလက်တွေကို သိမ်းဆည်းနိုင်ပြီး၊ High Capacity CD ကတော့ 850 MB ထိ သိမ်းဆည်းနိုင်
ပါလိမ့်မယ်။ ဆိုတော့က Burn ချင်တဲ့ အချက်အလက်တွေ၊ ပုံတွေက သိမ်းဆည်းနိုင်တဲ့ ပမာဏထက်
ကျော်လွန်လို့ မရပါဘူး။
CD Burn နေစဉ်အတွင်းမှာ အချက်အလက်တွေကို Hard Disk ထဲမှာ ယာယီသိမ်းဆည်းပြီးတော့မ
ှ CD ထဲကို ရေးထည့်ခြင်း ဖြစ်ပါတယ်။ ထိုသို့ယာယီ သိမ်းဆည်းဖို့ရန်အတွက် Hard Disk မှာ လုံ
လောက်တဲ့ ပမာဏရှိရမှာ ဖြစ်ပါတယ်။ Standard CD အတွက်ဆိုလျင် 700 MB ရှိရမှာ ဖြစ်ပြီး၊
High Capacity CD အတွက်ဆိုလျင်တော့ 1GB ရှိရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ Desktop ပေါ်မှာရှိတဲ့ My Computer ကို Click နှစ်ချက်ခေါက်ပြီး ဖွင့်လိုက်ပါ။ အဲဒီ My
Computer ထဲကမှ copy ကူးချင်တဲ့ File သို့မဟုတ် Folder ကို Right Click ခေါက်ပြီး Copy သို့မဟုတ်
Sent to CD Drive လို့ ပြောလိုက်ပါ။ Copy လို့ ပြောလိုက်မယ်ဆိုလျင်တော့ My Computer ကို ပြန်
သွားပြီး CD Drive ထဲမှာ Paste လုပ်ရမှာ ဖြစ်ပါတယ်။ Sent to CD Drive လို့ ပြောလိုက်မယ်ဆိုလျင်
တော့ CD Drive ထဲကို တိုက်ရိုက် ပို့ပေးသွားမှာပါ။ CD ရဲ့ ပမာဏ ဆံ့သလောက် တစ်ခုထက်ပိုတဲ့
file တွေ၊ folder တွေကို copy ကူးလို့ ရပါတယ်။ ဒါတွေပြီးရင် My Computer ကို ပြန်ဖွင့်လိုက်ပါ။
CD Drive ကို Double click လုပ်ပြီး ဖွင့်လိုက်ပါ။ ဒီအခါမှာ copy ကူးထားတဲ့ file တွေ၊ folder တွေကို
CD Drive ထဲမှာ တွေ့ရပါလိမ့်မယ်။ File တွေ၊ Folder တွေ မှန်၊မမှန် သေချာစွာစစ်ပါ။ သေချာသွားပြီ
ဆိုလျင်တော့ CD Burn ဖို့ရန်အတွက် အဆင်သင့်ဖြစ်နေပါပြီ။

BACK ကို click နှိပ်ပြီး CD Drive ထဲကနေ ထွက်လိုက်ပါ။ ထွက်ပြီးသွားပြီဆိုလျင်တော့ CD Drive ကို
Right Click ခေါက်ပြီး Write these files to CD ကို ရွေးလိုက်ပါ။ CD Writing Wizard ပေါ်လာပါလိမ့်
မယ်။ ပေါ်လာတဲ့ Wizard မှာရှိတဲ့ Instruction တွေအတိုင်း follow လိုက်ပြီး Burn လိုက်ပါ။ အဲလို
Burn ပြီးသွားပြီဆိုလျင်တော့ သင့်အတွက် အသုံးဝင်တဲ့ CD တစ်ချပ်ရရှိသွားပြီပေါ့။ သိမ်းဆည်းလိုက်
တဲ့ အချက်အလက်တွေ၊ ပုံတွေ ကို အချိန်မရွေး ပြန်ဖွင့်ကြည့်လို့ရပါပြီ။

သင့်လည်း CD ဘယ်လို Burn တယ်ဆိုတာ သိလောက်ပြီပေါ့။ CD Burn တာနဲ့ ပတ်သက်ပြီး ဒီမှာပဲ
ရပ်လိုက်ပါတော့မယ်။
...........................................
ရပ်လိုက်ပါတော့မယ်။
No comments:
Post a Comment