Tuesday, October 11, 2011

ဝါလကင်းလွတ်သီတင်းကျွတ် သို့..

ဝါလကင်းလွတ်သီတင်းကျွတ် သို့.....


အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ....ဒီနေ့ဟာဆိုရင်ဖြင့်..သီတင်းကျွတ်လပြည့် 
ဖိုတစ်ရက်ပဲလိုတဲ့ အဖိတ်နေ့ပါ..ဗုဒ္ဓဘာသာ လူမျိုးများ အထွက်အမြတ်ထားတဲ့နေ့ထူးနေ့မြတ်လေးပါ..မြတ်စွာဘုရားရှင်ဟာ တာဝတိသာ နတ်ပြည်မှ မယ်တော် မိနတ်သား ကို ၀ါးတွင်း(၃) လပတ်လုံး အဘိဓမ္မာတရားတော်မြတ်ကို တိုက်ကြွေး ဟောကြားတော်မှုပြီးနောက် ရွှေစောင်းတန်း၊ငွေစောင်းတန်း၊ပတ္တမြားစောင်းတန်းသုံးသွယ်မှ လူ့ပြည် သို့..ပြန်လည်ဆင်းသက်တော်မှုသော မြတ်စွာဘုရင်အား ..လူ၊နတ် ဗြမ္မာများက  ဆီမီးများထွန်းညှိပူဇော်ကြိုဆိုကြတဲ့ နေ့လေးတစ်နေ့ပါ..ထိုနေ့ကို သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)ဟု ခေါ်ဆိုသတ်မှတ်သည်မှာ အားလုံး သိကြမှာပါသီတင်းကျွတ်ကာလတွင်..
. 
ဘုရား၊အိမ်၊ကျောင်း လမ်း စသည့်နေရာအနှံ့ ဆီမီးများထွန်းညှိခြင်းဖြင့် မြတ်စွာဘုရားရှင်အားကြည်ညှိုပူဇော်ကြသည်။
ဗုဒ္ဓဘာသာယဉ်ကျေးမှု အရ ၀ါကျွတ်ကာလ (သီတင်းကျွတ်ကာလ)တွင်မိဘ၊ဘိုးဘွား သက်ကြီးရွှယ်အို များကို ကန်တော့်ခြင်း
အိမ်များတွင် မီးပုံလေးများချိတ်ဆွဲပြီး...တစ်မြို့လုံး..မီးထိမ်ထိမ်လင်းအောင်ပူဇော် ဂါရ၀ပြုကြသည်။
thadingyut Pictures, Images and Photos 
လူငယ်များကလည်း ..မီးပုံးပျံများလွတ်တင်ခြင်းထင်းရူးတိုင်များနဲ့ဗျောက်များဖောက်ခြင်း
စသည့်ပျော်ရွှင်စရာများသည် မြတ်စွာဘုရားအားကြိုဆိုသည့် အဘိဓမ္မ နေ့လေးကို ပိုမို 
အသက်ဝင်စေပါသည်။ 
သီတင်းကျွတ်လပြည့်နေ့ကို  ..မြန်မာနိုင်ငံသားအားလုံးကတော့်..ပျော်ရွှင်စွာနဲ့စုံညီစွာ  မြတ်စွာဘုရားရှင်အားဦးခိုက်
၍ ဆီမီးကပ်လှူပူဇော်ခွင့် အလွယ်တကူဆိုပေမယ့် ..ကျွန်တော့်တို့လို ပြည်ပရောက်နေသူများအဖို့...
လုံးဝလုံးဝကိုမလွယ်ကူပါ....ဘာဖြစ်လို့လည်းဆိုတော့်...အပြင်ထွက်ခွင့်တောင်တစ်ချို့တွေမရကျပါဘူး
မြန်မာကသူငယ်ချင်းတွေလို ...လွတ်လွတ်လပ်လပ် ဆီမီးပူဇော်ခွင့် မရရှိပါဘူး......ဒါဟာ အရမ်းကို
ဝမ်းနည်းစရာကောင်းပါတယ်...ကျွန်တော့်လိုပဲ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဆင်နွဲချင်ကြလိမ့်မယ်လို့
အရင်တစ်နှစ်က ကျွန်တော့်တို့ ရဲ့ သီတင်းကျွတ်မီးထွန်းပွဲလေးက ...အိမ်ကလေးသေးသေးလေးမှာ ...သော့ခက်ထားတဲ့ခြံစည်းရိုးတွေကို ကြည့်ပြီး ...ဖရောင်းတိုင်လေး  တစ်ထုတ်နဲ.... သူဌေးသတ်မှတ်တဲ့
အချိန်လေးမှာ ..မီးလေးပြန်ငြိမ်းပြီး....အကန့်သတ်လေးနဲ့..ပူဇော်ထွန်းညှိ ခဲ့ရလို့...အရမ်းကို လွမ်းတဲ့
အမိမြန်မာပြည်ကို ...မြန်မြန်လေးပြန်နိုင်ပါစေလို့...တောင်းဆုခြွေ...ရင်း..............မနက်ဖြန်ကျရောက်မယ့်
သီတင်းကျွတ်မီးထွန်းပွဲတော်လေးကို ...တစ်တိုင်သော ဖရောင်းတိုင်နဲ့ ...တစ်ခုတည်းသော် ဆန္ဒနဲ့ ..နှလုံးသားဝယ်
ဘုရားတည်လျှက်...ရှိခိုးဦးတိုက် ....ကန်တော့်ပန်းဆင် လိုက်ပါတယ်........
အန္တတ္တောအန္ဒတ္တ ငါးပါးကို ရိုသေမြတ်နိုးလက်စုံမိုး၍ ....အဝေးတစ်နေရာကနေ ..ရိုခိုးပါတယ်
ဘ၀တစ်ပါးသို့ ပြောင်းလေပြီဖြစ်သော မွေးမိမေမေ ကျွေးဖေဖေနဲ့ ....ဆရာသမားအားလုံး ကျေးဇူးရှင်များ
အားလုံးကို ....ရှိခိုးကန်တော့်ပါ၏..............


အမေ့သားလေး
နေဇော်ထွေး (ခေတ္တ-ချင်းမိုင်)

No comments: