မြန်မာ့ ဆေးဝေါဟာရလောက၌ အသက်ရှည်သောအပင်(၄)မျိုးရှိသည်ဟု သတ်မှတ်ထားပါသည်။
၁။ ငုသီး၏ အနှစ်သည် နှစ်ပေါင်းများစွာကြာသော်လည်း ပုပ်သိုးခြင်း၊ ခြောက်သွေ့ ခြင်း မဖြစ်ပါ။
၂။ ဆင်တုံးမနွယ်ပင်သည် ခုတ်ထစ်ပိုင်းဖြတ်၍ နှစ်ပေါင်းများစွာထားသည့်တိုင်အောင် အညွန့်၊ အညှောက်များ ထွက်လာနိုင်သည်။
၃။ ရှားစောင်းလက်ပပ်ပင်သည် မြေမှနုတ်၍ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် စိုပြည်လျက်ပင် နေနိုင်၏။
၎။ ပျားရည်သည် နှစ်ပေါင်းများစွာ မပုပ်မသိုး၊ မပျက်မစီး တည်နေနိုင်သည်။
ထို့ကြောင့် မြန်မာ့ဆေးလောကတွင် အသီးတွင်ငု၊ အပင်တွင် ဆင်တုံးမနွယ်၊ အရွက်တွင် ရှားစောင်း လက်ပပ်၊ အရည်တွင် ပျားရည်၊ အသက်ရှည်ဆေး(၄)ပါးဟု အထူးဖော်ပြထားပါသည်။
စာရေးသူ ယခုတင်ပြလိုသည်မှာ ၀မ်းချုပ်နေသူများအတွက် ငုသီး၏အသုံး ဖြစ်ပါသည်။
ဆေးနည်းမှာ မန်ကျည်းသီးမှည့်နှင့် ငုသီးတို့ကို အမျှစီယူ၍ ညဥ့်ဦးတွင်ရေနှင့်စိမ်ပြီး ညဥ့်အိပ်ရာဝင် တွင် စစ်၍သောက်ရန် ဖြစ်ပါသည်။ နံနက်မိုးလင်းလျှင် ၀မ်းကောင်းစွာသွားပါလိမ့်မည်။
No comments:
Post a Comment