သွေးစုနာ (ခ) မွေးကျွတ်နာအတွက်ဆေးနည်း
ကျွန်တော်၏ ကိုယ်တွေ့ဆေးနည်းများကို အများဝေဒနာရှင်များ သိရှိကုသနိုင်ရန် တင်ပြလိုက်ရပါသည်။ငယ်ငယ်တုန်းက ကျောင်းသား ဘ၀ လောက်ကပါ။ တင်ပါးတစ်ပြင်လုံး တစ်လုံးပြီးတစ်လုံး သွေးစုနာများ မရေနိုင်အောင် ပေါက်ပါသည်။ ဆေးမြီးတိုများ လိုက်မေးရာ ဆေးနည်းမှာ -
ထုံးသန့်သန့် (၁) ထုပ်၊
ပျားရည် (အစစ်) (၂) ကျပ်ခွဲသားခန့် (အနည်းငယ်စီ)။
၎င်းကို လက်ဝါးထဲထည့်ပြီး နယ်ပါ။ နှစ်မိနစ်ခန့်ကြာလျှင် ကျောက်ဖြစ်ပါသည်။ အမြန်နယ်ပြီး အနာပေါ် အမြန်လူးပါ။ ချက်ချင်းခြောက်သွားပါသည်။ (၂) ခါလောက်လူးပါက နုလျှင်ပေါက်၊ ရင့်လျှင် မှည့်ပြီး ပြည်ပေါက်ပါသည်။ တစ်ပါးတွင် ဖြစ်ပါက ဖိထိုင်ပေးပါ။
ခါးကိုက်၊ ခါးနား သက်သာစေသောနည်း
ခါးကိုက်၊ ခါးနာရောဂါအသက်(၆၀)ကျော်လာလျှင် ခါးကိုက်၊ ခါးနာရောဂါ ခံစားရပါသည်။ နှစ်ပေါင်းများစွာထိုင်၍ တကုပ်ကုပ် အလုပ်လုပ်ခဲ့ရလျှင် ခါးနာရောဂါ စွဲကပ်လာနိုင်ပါသည်။ဖြစ်နိုင်ချေရှိသည်ဟု ထင်ပါသည်။
အခြားလူများစွာတို့သည် အလည်း ခါးနာရောဂါ စွဲကပ်ကြမည်ဖြစ်ရာ အထိုင်များခြင်းသည် အဓိက အကြောင်းရင်းဖြစ်သည်။ ဟုတ်ပါသည်၊ ခါးကိုက်၊ ခါးနာ သက်သာစေရန် အင်္ဂလိပ်၊ မြန်မာ လိမ်းဆေး၊ စားဆေး အတော်များများကို ၀ယ်ယူသုံးစွဲခဲ့ကြည့်ပါ။ သက်သာရုံသာရှိပါသည်၊ ရှင်းရှင်းလင်းလင်း မပျောက်ကင်းပါ။ ခါးကိုက် ခါးနာရောဂါကို ဆက်လက်ခံစားနေရပါသည်။
နည်းကောင်းတစ်ခု လက်ဆောင်ရ
လမ်းပေါ်ကအသံလေးပေါ့ဗျာ...
"ဦးကြီး ခါးနားရောဂါ ခံစားနေရသလား"
"အေး - ဟုတ်တယ် ငါ့တူရယ်၊ ဦးကြီးမှာ ခါးကိုက်၊ ခါးနာရောဂါ ခံစားနေရတာ တော်တော်ကြာသွားပြီ၊ ခုချိန်အထိ သက်သာ ပျောက်ကင်းစေနိုင်တဲ့ ဆေးနည်းကောင်းကို မတွေ့ရသေးပါဘူးကွယ်"
"ဟုတ်ကဲ့လား ဦးကြီး၊ ကျွန်တော့်မှာ ခါးကိုက် ခါးနာ ကင်းစေတတ်တဲ့ နည်းတစ်ခုတော့ရှိတယ်။ စားဆေး လိမ်းဆေး မဟုတ်ပါဘူး။ ဦးကြီးသုံးချင်ရင် ကျွန်တော်ပေးပါမယ်၊ မခက်ခဲပါဘူး"
"အေးကွယ် လိုချင်ပါတယ်၊ ဘယ်နည်းလဲဆိုတာ ပြောပြစမ်းပါ ငါ့တူရယ်"
"ဟုတ်ကဲ့၊ နည်းကတော့ လွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျောဘက်အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ စပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလို နေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။
နောက်ပြီး ခါးလေ့ကျင့်ခန်းကိုလည်း လုပ်ရပါမယ်။ လုပ်ပုံကတော့ မတ်တပ်ရပ်နေပြီး ခါးကို ရှေ့အနည်း ငယ် ကိုင်းပြီး ခန္ဓာကိုယ်ကို ခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀) ကြိမ်လောက် အလိုက်သင့် သက်သက်သာသာ လှည့်ဝိုက်ပေးရပါမယ်။ အဲဒီလိုလုပ်တော့ ခါးရိုး၊ ခါးဆစ်က အကြောအရွက်တွေ ပွင့်လာပြီး အညောင်းအကိုက် သက်သာလာပါလိမ့်မယ်။ တစ်နေ့မှာ နှစ်ကြိမ်လောက် လေ့ကျင့်လုပ်ကြည့်ပါ။ အမေကြီးဟာ အဲဒီနည်းနဲ့ ခါးကိုက်၊ ခါးနာ သက်သာပျောက်ကင်း သွားတာကို တွေ့ရပါတယ်"
ဟု ပြောပြပါသည်။
ငွေမကုန်သောနည်း
................................... အချိန် တစ်လခန့်အကြာတွင် ခါးကိုက်၊ ခါးနာရောဂါ သက်သာ ပျောက်ကင်း သွားပါသည်။
ဤနည်းကား လူရွယ်ပြောသလို စားဆေး၊ လိမ်းဆေးမဟုတ်ပါ။ ငွေကြေး ကုန်ကျမှုလည်း မရှိပါ။ လွယ်ကူပါသည်။ ခါးကိုက်၊ ခါးနာရှိသူများ စမ်းသပ်ကြည့်ကြပါဟု တိုက်တွန်းလိုပါသည်။
ခါးကိုက် ခါးနာရောဂါ ပျောက်ကင်းသက်သာကြပါစေ။
No comments:
Post a Comment